Posts

Showing posts from 2015

လွမ်းချင်း

ဒီဇင်ဘာရဲ့တောင်ပြန်လေညှင်း တိုက်ခတ်ရင်းနဲ့  နှင်းစက်သယ်ဆောင်အပြင်မှာ  တုန်ခိုက်အောင်ဘယ်လောက်ပင်ချမ်းနေပါစေ...  ဒီရင်မှာ အလွမ်းမီးတစ်ရာနဲ့ မို့...  ကျလာတဲ့မျက်ရည်တောင်...  ပူနွေးနေမိပါတယ်... တို့တတွေတက်ခဲ့ကြတဲ့ကျောင်းတော်ကြီးရယ်...  အတန်းအားချိန်တိုင်းရောက်ဖြစ်နေခဲ့တဲ့ စာကြည့်တိုက် ရယ်...  သွန်သင်ဆုံးမပြသပေးခဲ့ကြတဲ့ဆရာ/ဆရာမ တွေရယ်...  အတူတူတက်ခဲ့ကြတဲ့ အတန်းဖော်သူငယ်ချင်းတွေရယ်...  ခြင်းလုံးအတူတူခပ်ခဲ့ကြတဲ့ အဆောင်နေဘော်ဒါတွေရယ်...  ပရဟိတ အတူလုပ်ခဲ့ကြတဲ့ သူငယ်ချင်း တွေရယ်...  တို့တတွေအတူဆုံတိုင်း ထိုင်ဖြစ်ခဲ့ကြတဲ့ Canteen လေးရယ်...  ဖူးလို့ကို မဝနိုင်တဲ့ တန်ခိုးကြီး ဘုရားတွေရယ်... ကျောင်းပိတ်ရက်တိုင်းသွားခဲ့ကြတဲ့  မုံရွာမြေရဲ့ လွမ်းမောဖွယ်ရာနေရာလေးတွေရယ်... ..............  ................ .............. ................  အို....... လွမ်းစရာတွေသီကုံးနေရင်တော့ဖြင့်...  နိဂုံးကိုကွဲ့ ရောက်မယ်မထင်.....။

အလွမ်းနဲ့တမ်းချင်း

"အလွမ်းနဲ့တမ်းချင်း" ဘဝတတစ်ကွေ့ ခဏတွေ့တယ်ဆိုပေမဲ့ ရစ်ပတ် ချည်နှောင်ထားတဲ့ သံယောဇဉ် ကြိုးတွေကတော့ ပျက်ပြယ် သွားမယ်မထင်ပါဘူး။ သူငယ်ချင်းတွေဆိုတာ ညီအစ်ကိုမောင်နှမတွေလို့ပေါ့ကွာ ဆရာ/ဆရာမတွေဆိုတာ မိဘ အုပ်ထိန်းသူတွေလိုပဲပေါ့ ကျောင်းတော်ကြီးဟာဆိုရင်ဖြင့် တို့တတွေရဲ့ ခိုလှုံရာ/ပညာရှာမှီးရာနေရာပေါ့... အင်း....... တွေးကြည့်လိုက်ရင်.. တို့တတွေဟာ မိသားစု အပြင်ဘက်မှာရောက်နေတဲ့ မိသားစုကြီးပေါ့နော့်..... မလွှဲသာလို့ ကွဲကွာသွားခဲ့ရင် အသဲနာအောင် ခံစားနေရမှာပေါ့.. ကံမကုန်လို့ပြန်ဆုံကြရင်တော့ဖြင့်... အတိုင်းမသိဝမ်းသာပီတိဖြစ်နေမှာတော့မှာဧကန်မုချပါပဲ။

နည်းပညာတက္ကသိုလ် -မုံရွာ

Image
နည်းပညာတက္ကသိုလ် -မုံရွာ မှ ကျောင်းသား/သူများ၏ ရင်တွင်းဖြစ် ကဗျာ၊ဆောင်းပါး၊ကာတွန့် များကို စုဆည်းတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ.....