လွမ်းချင်း

ဒီဇင်ဘာရဲ့တောင်ပြန်လေညှင်း တိုက်ခတ်ရင်းနဲ့ 
နှင်းစက်သယ်ဆောင်အပြင်မှာ 
တုန်ခိုက်အောင်ဘယ်လောက်ပင်ချမ်းနေပါစေ...
 ဒီရင်မှာ အလွမ်းမီးတစ်ရာနဲ့ မို့... 
ကျလာတဲ့မျက်ရည်တောင်... 
ပူနွေးနေမိပါတယ်...
တို့တတွေတက်ခဲ့ကြတဲ့ကျောင်းတော်ကြီးရယ်... 
အတန်းအားချိန်တိုင်းရောက်ဖြစ်နေခဲ့တဲ့ စာကြည့်တိုက် ရယ်... 
သွန်သင်ဆုံးမပြသပေးခဲ့ကြတဲ့ဆရာ/ဆရာမ တွေရယ်... 
အတူတူတက်ခဲ့ကြတဲ့ အတန်းဖော်သူငယ်ချင်းတွေရယ်... 
ခြင်းလုံးအတူတူခပ်ခဲ့ကြတဲ့ အဆောင်နေဘော်ဒါတွေရယ်... 
ပရဟိတ အတူလုပ်ခဲ့ကြတဲ့ သူငယ်ချင်း တွေရယ်... 
တို့တတွေအတူဆုံတိုင်း ထိုင်ဖြစ်ခဲ့ကြတဲ့ Canteen လေးရယ်... 
ဖူးလို့ကို မဝနိုင်တဲ့ တန်ခိုးကြီး ဘုရားတွေရယ်...
ကျောင်းပိတ်ရက်တိုင်းသွားခဲ့ကြတဲ့ 
မုံရွာမြေရဲ့ လွမ်းမောဖွယ်ရာနေရာလေးတွေရယ်... .............. 
................ .............. ................ 
အို....... လွမ်းစရာတွေသီကုံးနေရင်တော့ဖြင့်... 
နိဂုံးကိုကွဲ့ ရောက်မယ်မထင်.....။

Comments

Popular posts from this blog

နည်းပညာတက္ကသိုလ် -မုံရွာ

အလွမ်းနဲ့တမ်းချင်း

Welcome to Coding Chronicles: A Developer's Journey! 🚀