Posts

Showing posts from December, 2015

လွမ်းချင်း

ဒီဇင်ဘာရဲ့တောင်ပြန်လေညှင်း တိုက်ခတ်ရင်းနဲ့  နှင်းစက်သယ်ဆောင်အပြင်မှာ  တုန်ခိုက်အောင်ဘယ်လောက်ပင်ချမ်းနေပါစေ...  ဒီရင်မှာ အလွမ်းမီးတစ်ရာနဲ့ မို့...  ကျလာတဲ့မျက်ရည်တောင်...  ပူနွေးနေမိပါတယ်... တို့တတွေတက်ခဲ့ကြတဲ့ကျောင်းတော်ကြီးရယ်...  အတန်းအားချိန်တိုင်းရောက်ဖြစ်နေခဲ့တဲ့ စာကြည့်တိုက် ရယ်...  သွန်သင်ဆုံးမပြသပေးခဲ့ကြတဲ့ဆရာ/ဆရာမ တွေရယ်...  အတူတူတက်ခဲ့ကြတဲ့ အတန်းဖော်သူငယ်ချင်းတွေရယ်...  ခြင်းလုံးအတူတူခပ်ခဲ့ကြတဲ့ အဆောင်နေဘော်ဒါတွေရယ်...  ပရဟိတ အတူလုပ်ခဲ့ကြတဲ့ သူငယ်ချင်း တွေရယ်...  တို့တတွေအတူဆုံတိုင်း ထိုင်ဖြစ်ခဲ့ကြတဲ့ Canteen လေးရယ်...  ဖူးလို့ကို မဝနိုင်တဲ့ တန်ခိုးကြီး ဘုရားတွေရယ်... ကျောင်းပိတ်ရက်တိုင်းသွားခဲ့ကြတဲ့  မုံရွာမြေရဲ့ လွမ်းမောဖွယ်ရာနေရာလေးတွေရယ်... ..............  ................ .............. ................  အို....... လွမ်းစရာတွေသီကုံးနေရင်တော့ဖြင့်...  နိဂုံးကိုကွဲ့ ရောက်မယ်မထင်.....။